Sunday, February 8, 2015

ဗမာတို့ကရခိုင်တို့အပေါ်ဆင်နွှဲခဲ့သောအမျိုးပြုတ်သမိုင်းမှတ်တမ်း

ဗမာတို့က ရခိုင်တို့အပေါ် ဆင်နွှဲခဲ့သော အမျိုးပြုတ် သမိုင်းမှတ်တမ်းအကျဉ်း (မာန်အောင်သားရို့သိစီချင်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗမာ (မြန်မာ) တို့၏ ကျူးကျော်စစ်ကို (၄၅) ရက်ကြာကြာ ခုခံတိုက် ခိုက်ပြီးနောက် (၁၇၈၄) ခု ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ရခိုင်ပြည်ကြီးနှင့်တကွ ရုပ်ရှင်တော်မဟာမြတ်မုနီ အသိမ်းခံလိုက်ရသည်။ ဗမာမာများ သည် ရခိုင့်ရွှေနန်းတော်၊ ပိဋကတ်တိုက်တော်၊ ဘုန်းတော်ကြီးကျောင်း အကြီး (၃၀)၊ အငယ် (၃၀၀၀) ကျော်ကို မီးလျှို့ဖျက်ဆီးခဲ့သည်။ ရခိုင်တပြည် လုံး ဖူးဖူးရောင်သော လူသေကောင်များဖြင့် ပြန့်ကြဲလျှက် ရှိခဲ့သည်။ နှစ်ပေါင်း (၅၀၀၀) ကျော် ကိုယ့်ထီးကိုယ့်နန်းဖြင့် နေထိုင် လာခဲ့သော ရခိုင်နိုင် ငံတော် ၌ တိုင်းသား ပြည်သူများမှာ ကူမည့်သူမရှိ လွတ်ရာကိုထွက်ပြေးကြရသည်။ မြန်မာများသည် ပုခက်တွင်းရှိ ကလေး သူငယ်များ ကိုမချန် သတ်ဖြတ်သည်။ ရခိုင်မှတ်တမ်း၌ (“အချေသူငယ်၊ အစိတ်ကေရို့၊ ပြုံးရယ်ရွှင်ဘိ၊ မိမသိကို၊ မွီးမိထံမှ၊ ယူပြီးမှလျှင်၊ လက်ကို ကိုင်မြှောက်၊ ကောင်း ခင်ရောက်က၊ အောက်မှတဖန်၊
ဓါးကိုလှန်၍၊ ခံပြန်ပြုခါ၊ မြှောက်လီမှာလျှင်၊ ကျလာမလွဲ၊ နှစ်စိပ်ကွဲ ၍၊ ရဲရဲသွီးစက်၊ အအူထွက်၏။တချက်မြီ၌၊ လှံကိုစိုက်၍၊ လံလိုက်တုံလျှင်၊ ရင်ကဝင်၏”) ဟူ၍ တွေ့ရပါသည်။ အသတ်ခံခဲ့ရသော ရခိုင်သားများကို “တင်းဝပန်းခိုင်၊ တမြိုင်မြိုင်၊ ရခိုင်လူ အလောင်း” ဟူ၍ မှတ်တမ်းတင်ထားခဲ့သည်။
ဂဏန်းသင်္ချာအလို (၇) သန်းကျော်သည်။ မြန်မာများသတ်ဖြတ်ခဲ့သည်ကို အစွဲပြု၍ ဂေါင်းပုံပြင် (မြောက်ဦး)၊ လူသတ်ဂျိုင် (မြောက်ဦး)၊ ရေတက်ရေ ကျသောအခါ သောင်ပြင်တွင် အစုလိုက်အပြုံလိုက်ချည်းနှောင်၍ သတ်ခဲ့သောကြောင့် ရေအကျတွင် ဖြူနီသောအလောင်းကောင်များ ကို မြင် ရသောကြောင့် ပေါက်ဖဲ့ရွာ (မာန်အောင်၊) လက်များကိုဖြတ်၍ တောင်နှယ်ပုံထားသောကြောင့် လက်ပုံတောင် (မာန်အောင်)၊ ရေကန်တွင် လူအပြည့် သတ်၍ ပုံထားသော ကြောင့် သီဘေးကန် (ပေါက်တော)၊ ကလေးငယ်များကို ရေကျရေတက်ချိန်တွင် ခြံလှောင်၍သတ်ခဲ့သော ကြောင့် ခြံလှောင်ချောင်း (မာန်အောင်)၊ ခြံပြင် (မောင်တော)၊ သွေးချောင်း (တောင်ကုတ်)၊ လူ့အသားတစ် များကို ခုတ်ဖြတ်၍ပုံထားသောကြောင့် အသား ပုံရွာ (ပုဏ္ဏားကျွန်း) စသည့်စသည့်ဖြင့် နာမည်တွင်ခဲ့သည်။ နှစ်ပေါင်း (၄၀) လုံးလုံး ရခိုင်မျိုးတုံးအောင် သတ်ဖြတ်ခဲ့သည်။ မာန်အောင်မြို့ တမြို့တည်း တွင် အသတ်ခံခဲ့ ရသည်ကို မှတ်တမ်းတင်ထားသည်မှာ “လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ သျှစ်သောင်းအစွန်း၊ တသိန်းမှန်း၏၊ မယွန်းထိုခါ၊ သီကုန်ပါ၏၊ သိမ်းကာယူက၊ ပြည်အင်းဝသို့၊ ပါရလီငြား၊ လူယောက်ျားနှင့်၊ မပြားမှန်ထ၊ လူမိန်းမကို၊ ရွီကြလီသော်၊ နှစ်သိန်းကျော်၏၊ ကြားသော်မြင် ခါ၊ ကြောက်ဖွယ်သာတည်း” ဟူ၍ဖြစ်သည်။ (ဆက်ရန်)
                                                    မာန်အောင်ကိုရဲ

No comments:

Post a Comment