Friday, July 10, 2015

ရခိုင်ဘုရင်မင်းထီ(၇)နှစ်သားအရွယှ်မင်းဖြစ်လားပုံနှင့်ထီးနန်းအုပ်ချုပ်ပုံ

ရခိုင်ဘုရင်မင်းထီ(၇)နှစ်သားအရွယှ်မင်းဖြစ်လားပုံနှင့်ထီးနန်းအုပ်ချုပ်ပုံ
*****************************************
မင်းထီး၏ဖခင် မင်းဘီလူးဘည် ကုသိုလ်ကောင်းမှု့တို့ကိုမပြု ပြည်သူပြည်သားရို့ကို ကြမ်းတမ်းယုတ်မာစွာပြုမူဆက်ဆံသည်။
မင်းထီးသည် မင်းဘီလူး၏သားအရင်းဖြစ်သည်။မင်းထီးကိုဖွားမြင်သောအခါကောင်းသောအတိုက်နိမိတ် စနည်း တဘောင်တိုသည်များစွာပေါ်လေသည်။ထိုအခြင်းအရာကိုသိရသောမင်းဘီလူးသည်ယုတ်မာသောအကြံဖြင့်မိမိ၏သားငယ်မင်းထီးအား ပုခက်တွင်ထည့်ကာရေသို့မျှော်လိုက်၏။သို့သော် မင်းထီးမှာသေဆုံးခြင်းမရှိပါချေတငါသည်များကတွေရှိပြီးပြန်ပို့လာလေသည်။
မင်းဘီလူးသည် မိမိသားငယ်မင်းထီးအားရိုးချောင်းဖျားသို့ လျှို့ဝှက်စွာပို့ထားလိုက်လေသည်။ထိုအကြောင်းကိုနန်းတွင်း၌ မှူးမတ်တို့သိရှီကြသောအခါ အချင်းချင်းတိုင်ပင်ပြီး အမတ်စည်သဘင် ဦးဆောင်ကာ မင်းဘီလူးအားလုပ်ကြံသတ်ဖြတ်လိုက်ကြလေသည်။ထို့နောပ် အမတ်ကြီးစည်သဘင်အား(၆၄၃)ခုနှစ်တွင် နန်းတင်ကြလေသည်။စည်သဘင်အမတ်ကြီးသည် ထီးနန်းတက်ပြီးသောအခါ မင်းဆွေမင်းမျိုးတို့အား စီစစ်၍ ညှဉ်းဆဲကွပ် မျက်ခြင်းပြုလေသည်။ထို့ကြောင့်ကျန်သောမင်းဆွေမင်းမျိုးတိုသည် ပြည်သူပြည်သားတို့နှင့်တိုင်ပင်လျှက် စည်သဘင်အမတ်အား(၆၄၅)ခုနှစ်တွင်လုပ်ကြံသတ်ဖြတ်ပြီးရိုးချောင်ဖျားတွင် ဝှက်ထားသော (၇)နှစ်သားအရွယ်မင်းထီးအား
ယူဆောင်လျှက် စောစစ်ဟူသောမိဘုရားနှင့်
ဦးရီတော်အနန္တဘယ၏ရင်ခွင်ပိုက်မင်းအဖြစ် ထီနန်းအုပ်ချုပ်မင်းလုပ်စေလေသည်။ မင်းထီးသည် ရတနာသုံးပါးကိုအလွန်ကြည်ညိုမြတ်နိုး၏များစွာသောကောင်းမူ့ကိုပြု၏။မင်းမျိုးမင်းဆွေ မှူးမတ်ပြည်သူတို့ကိုများစွာသော ချီးမြောက် မ'စ၏အခွန် အတုတ် တို့ကိုလည်း လျှော့ပေါ့၍ကောက်ခံ၏။ ဒါန၊သီလ၊တရားတို့ကိုလည်း အားထုပ်ပြည့်ကျင့်တော်မူ၏။ မိမိနှိင်ငံသို့ဝင်ရောက် ကျူးကျော်လာသော ဗမာ၊သျှမ်း၊သက် တို့အားလည်းတိုက်ခိုက်နှိမ်နင်းအောင်မြင်တော်မူလေ၏။
ဘုရင် မင်းထီသည် တရားဥပဒေစိုးမိုးရေးကိုအလေးပေးခဲ့သည်။ဥပဒေပြုရာတွင်တိကျပြတ်သားမူ့ရှိလေသည်။သားမကောင်းလျှင် အဘ သမီးမကောင်းလျှင်အမိ မယားမကောင်းလျှင်လင် တပည့်မကောင်းလျှင်ဆရာ ကျွန်မကောင်းလျှင်အရှင်တို့တွင်တာဝန်ရှိသည်ဟုပြဌာန်းပြီးသေဒဏ်ထိကျစေရန်သတ်မှတ်ခဲ့သည်။ဤဥပဒေသည်များစွာပြင်းထန်သည်ဟုမှတ်ယူနှိင်သော်လည်းဤဥပဒေကြောင့်သာတိုင်းပြည်ကိုကောင်းကောင်းမွန်မွန်ပြုပြင်ပေးနှိင်ခဲ့သည်ပင်ဖြစ်သည်။ဘုရင်မင်းထီးသည်ဥပဒေပြုသူသက်သက်သာမဟုပ်ကိုယ်တိုင်လည်းလိုက်နာတပ်သူဖြစ်သည်။ကိုယ်တိုင်ဖောက်ဖျက်မိသဖြင့်ထုပ်ပြန်ထားသောဥပဒေတစ်ရပ်အတိုင်းမိမိလက်ညိုးကိုမိမိကိုယ်တိုင်ဖြတ်၍အပြစ်ခံယူလေသည်။ရာထူးများခန့်ထားရာတွင်လည်းအဂတိမလိုက်စားပဲအရည်အချင်းရှိသူကိုရှိသူအလျှောက်ထိပ်တန်စွာခန်ထားလေသည်။
တိုင်ပြည်စီးပွားရေးအတွက် များစွာသောရေတွင်း ရေကန်လမ်းတံတားများကိုဆောင့်လုပ်ခဲ့သည်။တိုင်းပြည်လုံခခြုံရေးအတွက်လက်နက်အင်အားများကိုတိုးချဲလေသည်။ထို့ကြောင့်သာအေဒီ-၁၂၉၈တွင်မွန်ဂိုတို့၏အလုံးအရင်းဖြင့်ကျူးကျော်မူ့ကိုအောင်မြင်စွာတွန်းလှန်နှိင်ခဲ့လေသည်။ထိုစဉ် ခေတ်ပြိုင်ပုဂံနှိင်ငံသည်အေဒိ-၁၂၈၄ခုနှစ်တွင်မွန်ဂိုကျူးကျော်မူ့ကိုမခံနှိင်သဖြင့်ပျက်စီသွားလေသည်။ဘုရင်မင်းထီးလက်ထက်တွင်ရခိုင်လက်ဝင်နှီင်ငံဖြစ်သောဘင်္ဂါ၁၂တိုင်းနှင့်အရှေ့အနောက်တိုင်းငယ်များကိုလက်အောင်ခံများအဖြစ်ပြန်လည်သိမ်းသွင်းနှိင်ခဲ့သည်။
ဘုရင်မင်းထီး၏အုပ်ချုပ်ရေးသည်အနှစ် ၁၀၆နှစ်ရှည်ကြာခဲ့သည်။၎င်းလက်ထက်သည်လေးမြို့ခေတ်တွင်အတိုးတက်ဆုံးဖြစ်လေသည်။
မာန်အောင် ကိုရဲ


No comments:

Post a Comment