Saturday, July 11, 2015

မိုးလင်းရာဇာစစ်ကြောင်း

မိုးလင်းရာဇာစစ်ကြောင်း အပိုင်း (၁)
==================

“တော်လှန်ရေးဆိုစွာ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး နယ်ချဲ့လက်အောက်ကလွတ်မြောက်ဖို့အတွက် လက်နက်ကိုင်တိုက်ပွဲဝင်စွာဖြစ်တေ။ တနည်းအားဖြင့် ကယ်တင်ဖို့ဖြစ်တေ။ မတရားစိုးမိုးဗိုလ်ကျ၊ အနိုင်ကျင့်ညှင်းပန်း၊ သိမ်းယူအမြတ်ထုတ်၊ အကျင့်ယုတ်ကို ဖယ်ထုတ်စွာဖြစ်တေ။ ငါရို့တိစွာ ရီခြားမြီခြားတိုင်းတပါးမှာလာရောက်ပြီးကေ ဒုက္ခဆင်းရဲခံတော်လှန်နီကတ်တေ။ ရခိုင်ပြည်တော်လှန်ရေးစွာ ရခိုင်ပြည်မှာဟိသင့်ရေ မှန်ရေ။ ယေကေလည်း နီရာဒေသပယောဂကြောင့်။ ရည်မှန်းချက်ကိုနားလည်ကတ်ရဖို့။ ခံယူချက်မြဲရဖို့။ လက်ဟိနိုင်ငံရေးအနီအထားနှင့် မြန်မာလူမျိုးရေးဝါဒီများကိုသုတ်သင်ရာမှာ တဦးချင်းတယောက်ချင်းတဖွဲ့ချင်းထက် ဘတူအဖိနှိပ်ခံလူမျိုးများနှင့် ပူးပေါင်းလက်တွဲတိုက်ခိုက်စွာက ပိုကောင်းရေ” “အစားဆင်းရဲ၊ အ၀တ်လျှို့တဲ့၊ နီရာထိုင်ခင်းပုံမှန်မဟိစွာ တော်လှန်ရေးသမားတယောက်အတွက် မပြောပလောက်တေဒုက္ခအဖြစ် ခံယူနိုင်ရဖို့။ တမျိုးသားလုံးလွတ်မြောက်ချင်ကေ ကိုယ့်တိုင်းပြည်ကိုကယ်တင်ချင်ကေ ဇွဲမာန်သတ္တိဟိရဖို့။ ကိုယ်ကျိုးစွန့်ရဖို့။ ယေမှရာ တော်လှန်ရေးသမားကောင်းပီသဖို့” ၁၉၇၃-ခုနှစ် ဇန္န၀ါရီလ (၇) ရက်နိ ၀မ်းခစခန်း၌ စာရွီးသူအပါအ၀င်ရဲဖော်ခုနှစ်ဦး လူသစ်အဖြစ်စတင်ရောက်သောနိ။ ညစာထမင်းစားနီတုန်း နုတ်ဆက်စကားဖြစ်သည်။ နှဖူးက ချွေးတပြစ်ပြစ်စီးနီသည်။ မျက်နှာပြင်နှင့်တကိုယ်လုံးမှာ မီးသွီးများပယ်ကျံနီသည်။ ၀မ်းသာမှုများက မျက်နှာထက်တွင် ပေါ်နီသည်။ ထမင်းစားပွဲမှာ စားစရာငပိရည်၊ တို့စရာသဖန်းသီးအပြင် ဇာလည်းမဟိ။ ငပိရည်နှင့်ရခိုင်သား။ ရခိုင်သားနှင့်ငပိရည်။ အရိုးခံအမှန်ပြောရကေ အော့အံမိသည်။ တော်လှန်ရေးအတွက် အသက်ပီးဖို့ ဆုံးဖြတ်ထားပြီးမှ အစားအသောက်ဇီဇာကြောင်နီလို့မဖြစ်။ တော်လှန်ရေးအတွက်မီးသွီးဖုတ်နီသော ဥက္ကဌကြီးခိုင်မိုးလင်း၏စိတ်ဓါတ်ကို ကြည်ညိုသည်။ မိမိကိုယ်ကို နှစ်သိမ့်ရသည်။ ယင်းပိုင်နှင့် တော်လှန်ရေး၏ပထမညည့်ကို ကုန်လွန်စီခသည်။ နောက်တနိနီထွက်ချိန် (၉) ချက်တီးခန့်။ ကော်မူးရာ ၀မ်းခစခန်း၏အမှောင်ကို ထိုးဖောက်ထွက်လာသောရောင်ခြည်များက သွယ်တန်းလျှက်ဟိသည်။ ကျီးငှက်များ ထိုပင်ဒေပင် တပင်ထက်တပင် ပျံသန်းဆူညံနီကတ်သည်။ စာရွီးသူနှင့်ရဲဖော်များသည် နီဆာလှုံယင်း ဖြစ်ကြောင်းကုန်စင် ပြောဆိုနီကတ်သည်။ ညီချေရို့ ဒေကိုလာကတ်ဟု ဥက္ကဌကြီးကလှမ်းခေါ်လိုက်သဖြင့် အကျွန်ရို့ သွက်သွက်ချေရောက်လားသည်။ မင်းက ဘုန်းကြီးလူထွက်ဆိုကေ အစားအသောက် ဆင်းရဲဒါဏ်ချက်ချင်း ခံနိုင်ချင်မှခံနိုင်ဖို့။ ကျင့်သားရကေ စိတ်ဓါတ်ခိုင်လာဖို့ ခံနိုင်ရည်ဟိလာဖို့သေချာရေ။ “ငါ့နာမည် ခိုင်မိုးလင်း” “မိုးလင်းကေ နီမထွက်လား” “ထွက်ပါရေ ဥက္ကဌကြီး” “နီထွက်ကေ နီရောင်မမြင်လား” “မြင်ပါရေ” “နီရောင်မြင်ကေ အမှောင်မပျောက်လား” “ပျောက်ပါရေ” “ရခိုင်ပြည်ကို မြန်မာတိအုပ်ချုပ်နီရေ။ မကောင်းဆိုးရွားတည်းဟူသော အမှောင်ထုဖုံးလွှမ်းထားရေ။ အမှောင်ထုကွယ်ပျောက်ဖို့ နီထွက်ဖို့လို့ရေ။ မိုးလင်းလို့နီထွက်ကေ အမှောင်ပျောက်တေ။။ အေနိအေရက်ကစပြီးကေ နီရောင်လို့ မင်းရို့ကိုမင်းရို့မှတ်ထား” ဟု စာရွီးသူနှင့်အဖွဲ့အား နာမည်ကင်ပွန်းတပ်ပီးပါသည်။ ဥက္ကဌကြီးခိုင်မိုးလင်းသည် အလွန်ရိုးဖြောင့်၏။ အရပ်မှာ (၅) ပေ (၁၁) လက်မ။ အသက်အရွယ်အားဖြင့် ငယ်ပင်ငယ်သော်လည်း မိန်းမမလိုက်။ ရွှေမမက်ငွေမမက်။ တပည့္မမြီး။ လက်အောက်ငယ်သားများကိုဆက်ဆံရာတွင် တန်းတူရည်တူဆက်ဆံသည်။ ခန့်ငြားလှပသည့် ဥပဓိရုပ်ဟိသည်။ မည်သည့်အလုပ်မဆို ပြတ်သားတိကျသည်။ ယုံကြည်ချက်နှင့်အတူ ကာယဥာဏစွမ်းအားဖြင့် မှန်မှန်ကန်ကန်ဆောင်ရွက်သည်။ တိုင်းပြည်နှင့်လူမျိုးအပေါ်သစ္စာဟိသကဲ့သို့ အောက်လက်ငယ်သားများကိုလည်း ငဲ့ညှာသည်။ ထူးကဲပြောင်မြောက်အောင် ဆုံးမပီးနိုင်သည်။ ကော်မူးရာစုဆောင်းရေးအဖြစ် လူအင်အား (၅၀) ဟိသည်နှင့် မဟာမိတ်ကရင်စခန်း၌ အခြီခံစစ်သင်တန်းပီးသည်။ ယုန်းလုပ်ငန်း၊ လက်နှိပ်စက်သင်တန်း၊ မိုင်းသင်တန်း၊ လက်နက်ကြီးသင်တန်း၊ ဆက်သွယ်ရေးသင်တန်းနှင့် သူနာပြုသင်တန်းစသည်များကိုသင်ကြားရာ သင့်တော်ရေပိုင်မွမ်းမံပီးသည်။ (၁၉၇၄) ခုနှစ်တွင် ရဲဖော်သစ်များအဆက်မပြတ်ရောက်လာ၍ အင်အားကောင်းလာသဖြင့် သင်တန်းကို ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထစသည်ဖြင့်သတ်မှတ်၍ ကရင်တပ်မတော်၌ တက်ရောက်သင်ကြားစီသည်။ (၁၉၇၄) ခုနှစ်မှာပင် မြ၀တီ၊ သင်္ကန်းညီနောင်၊ မဲပလဲစခန်းများကို မဟာမိတ်တပ်များနှင့်ပူးတွဲ၍ စစ်ဆင်ရေးပြုလုပ်သည်။ ရခိုင်တပ်မတော်မှာ အင်အားရာကျော်လာသည်နှင့်အမျှ အောင်လံထူ၊ အလေးပြုသစ္စာဆိုရသည်။ စစ်အင်အားကိုလည်း ပိုမိုလှုပ်လျှားသည်။ အယင် ရိုင်ဖယ်သေနတ်မှ ခေတ်မှီမောင်း ပြန်သေနပ်များကို တပ်ဆင်ပီးသည်။ ရိက္ခာများကိုလည်း ကရင်မဟာမိတ်တပ်ရင်းမှ လိုလေသေးမဟိထုတ်ပီးသည်။ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်ကို စစ်ကြောင်းကြီးလေးကြောင်းဖြင့် မဟာမိတ် (KNU) တပ်မတော်နှင့်အတူ ကရင်ပြည်ဒေသတလျှောက် ထိုးစစ်ဆင်တိုက်ခိုက်သည်။ စစ်ကြောင်းလားရာဒေသတလျှောက် ရိုးသား၍သနားဖို့ကောင်းသော ကရင်ပြည်သူများအား စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအဆင့်မြင့်မားလာစီရန် ပီးသင့်သည့်အကာအကွယ်ကိုပီး၊ မသိနားမလည်သည်များကို သင်ကြားပိုချပြုလုပ်ရသည်။ တရွာဝင်တရွာထွက် တိုက်ယင်းခိုက်ယင်း၊ လှည့်ယင်းလည်ယင်း၊ စည်းရုံးယင်း ကရင်ပြည်တွင် ရခိုင်စစ်သည်များကို ကရင်ပြည်သူများက ယုံကြည်အားထားလာသည်။ တမျိုးတည်းတဆွီတည်းပမာ ချစ်ခင်ရင်းနှီးလာသည်။ ရခိုင်စစ်တပ်များ ကရင်ကျွန်းရွာများရောက်သည်နှင့် ဆန်ဖွတ်ထင်းခွဲ၊ မောင်းထောင်းအလုပ်ဝင်လုပ်သည်။ လုပ်အားပီးသည်။ သို့ဖြင့် ကရင်ပြည်တွင် ရခိုင်ရဲဖော်များအတွက် အစားအသောက်မယှား။ ပီးကမ်းချင်သူများသည်။ လက်ကမ်းကြိုဆိုသည်။ သားနှင့်အမိ၊ မောင်နှင့်နှမ၊ တမိတည်းသားပမာ ချစ်ခင်သည်။ ကရင်ပြည်တွင် မဟာမိတ် (KNU) နှင့် စစ်ဆင်ရေး ဒေသတလျှောက် မြို့သိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပြောက်ကျားတိုက်ပွဲ၊ စခန်းသိမ်းတိုက်ပွဲ၊ မရွီမတွက်နိုင်အောင်တိုက်ခရသည်။ မိုးလင်းရာဇာစစ်ကြောင်းမှ ရခိုင်ပြည်လွတ်လပ်ရေးတပ်မတော်၏ ရဲဖော် (၃၁) ဦး အသက်ပီးခရသည်။ ကရင်ရခိုင် ချစ်ကြည်ရေးမဏ္ဍိုင်ကို သွီးခင်း၍စိုက်ထူခသည်။ ကရင်နှင့်ရခိုင်သမိုင်းတွင်ကား မှတ်တိုင်အဖြစ် ထင်ရှားပြီးဖြစ်သည်။ ၁၉၇၆-ခုနှစ် ဇွန်လ (၅) ရက် သော်လဲထားစခန်း ရဲဘော်ရို့ ငါရို့ရခိုင်တပ်မတော်ရေ မဟာမိတ်နယ်မြီ ဒေသခံများနှင့်ပူးပေါင်း၍ ရန်သူမြန်မာလူမျိုးရေးဝါဒီတိကို သုတ်သင်လာစွာ (၂) နှစ်ကျော် (၃) နှစ်ထဲရောက်ပျာ။ ရဲဘော်ရို့အသိ။ စစ်ရေးနိုင်ငံရေး၊ တိုက်ခိုက်ရေး နီရာတိုင်းမှာ အောင်ပွဲခံနီတုန်း။ နောက်ထပ်လည်း ဆက်အောင်ခန့်သိမ့်။ ဦးတည်ချက်၊ ရည်မှန်းချက်ကျန်သိမ့်ရေ။ ယင်းရည်မှန်းချက်မှာ ရခိုင်ပြည် ရခိုင်လူမျိုးလွတ်မြောက်ရေးနှင့် ရခိုင့်အချုပ်အချာအာဏာ ရခိုင်ပြည်သူ့လက်ဝယ် ပြန်ရောက်ရေးဖြစ်တေ။ ငါရို့ရခိုင်တပ်မတော်မှာ လုံးလုံးတာဝန်ဟိရေ။ ယင်းကြောင်း (၁၉၇၆) ခုနှစ် ဇွန်လ (၂၀) ရက်နိကို ရခိုင်ပြည်သို့ပြန်ဖို့နိအဖြစ် သတ်မှတ်တေ။ ရဲဖော်အားလုံး လက်ခုတ်လက်ဝါးတီးထောက်ခံသည်။ ဆက်လက်ပြီးပြောချင်စွာက ငါရို့ရဲဘော်ရို့အားလုံး မိုင်ထောင်ပေါင်းများစွာကို ကျော်ဖြတ်ရဖို့။ ဆင်းရဲ၊ ပင်ပန်း၊ ငတ်ပြတ်ခြင်းနှင့် ရင်ဆိုင်ရဖို့။ ရန်သူနှင့်လည်း တိုက်ပွဲတိအများကြီးတိုက်ရဖို့။ ဇာပိုင်ပင်အခက်ခဲဟိဟိ သတ္တိမွီးကတ်ရဖို့၊ ဇွဲဟိရဖို့။ ခံနိုင်ရည်ဟိရဖို့။ အေအကျပ်အတည်း၊ အခက်အခဲ၊ ပင်ပန်းဆင်းရဲကို မျိုးချစ်စိတ်၊ တိုင်းပြည်ကိုကယ်တင်လိုစိတ်နှင့် ကျော်ဖြတ်ရဖို့။ အခက်အခဲတိကို ခံနိုင်ရည်မဟိသူ၊ ခံနိုင်ရည်မဟိလို့ ယူဆသူ၊ တွေဝေနီလူတိ အခုကပင်ထွက်ကျန်လိုက်ကတ်။ ရန်သူဘားမှာ လုံးဝဒူးမထောက်၊ လက်မမြှောက်ရ။ ရခိုင်လက်နက် ရခိုင်လက်ထဲမှာဟိရဖို့။ စိတ်ပျက်သူ၊ စိတ်ဓါတ်ကျလူတိ လက်နက်ကိုအပ်။ ထွက်စာတင်။ စားစရိတ်လမ်းစရိတ် (၅၀၀၀) ထုတ်ပီးလိုက်မည်။ အားလုံးသဘောပေါက် နားလည်ကတ်ယင့်လား။ “ဟုတ်ပါရေ” “စိတ်ပျက်တေလူဟိလာ” “မဟိပါ” “ရခိုင်ပြည်ကိုချီတက်ကတ်ဖို့မဟုတ်လား” “ချီတက်ပါဖို့” “စစ်ကြောင်းသတ်မှတ်မည်။ နားထောင်” “စစ်ကြောင်းနာမည် - မိုးလင်းရာဇာစစ်ကြောင်း” “မိုးလင်းရာဇာစစ်ကြောင်း” “မိုးလင်းရာဇာစစ်ကြောင်း” ၀န်းကျင်တခုလုံးကို ရခိုင်လွတ်ပြည်လွတ်မြောက်ရေးပါတီ၊ မိုးလင်းရာဇာစစ်ကြောင်းအသံက လွှမ်းမိုးလားသည်။ ရဲဖော်အားလုံး ရဲစိတ်ရဲမာန် ဇာတိမာန်ဖြင့် ၀မ်းမြောက်ကတ်ရသည်။ သီမင်းနှင့်မိုးလင်းရာဇာစစ်ကြောင်း အခါသမယမှာ အမှောင်အားကောင်းချိန် လမိုက်ညဖြစ်သဖြင့် စက္ကြာဝဠာတခွင်လုံး ကြည်လင်ခြင်းမဟိ။ ငွေစင်ကြယ်ချေတိ တိမ်တိုက်များနောက်ကွယ်မှ ပုန်းလျှို့ဝှက်လျှို့ဂေါင်းပြူလျှက်ဟိ၏။ အကာလ၀န်းကျင် အလင်းဟူ၍မဟိ၊ အမှောင်ပကတိ ကြီးစိုးလျှက်ဟိ၏။ ၀န်းကျင်တခုလုံး ငြိမ်ဆိတ်လျှက်။ အတွေးများဖြင့်အိပ်မပျော်။ သိလာရသည်က နက်ဖန်ခါ။ ပြန်ရဖို့ယာထော - ရင်ထဲကအသိ။ ရင်းနှီးမှု၊ ခင်မင်မှု၊ ချစ်ခင်မှု၊ တွယ်တာမှုသံယောဇဉ်များဖြင့် ညည့်ဦးပိုင်းနှုတ်ဆက်ခရသည့် ရဲဖော်ရဲဖက်၊ သီဖော်သီဖက်၊ သူငယ်ချင်းများ၊ ကရင်ပြည်သူများ၊ အထူးသဖြင့် ရင်ထဲမှာ နှိုးဆွခံစား၊ သံယောဇဉ်ပွားမိသည့်အမိုး၊ နော်ဖလဲထူး၊ ဖထီးစောကျော်၊ ဒေးမူးနော်ချိုအေး။ မလွှဲသာ၊ ခွဲခွာရမည့်အသိတရား။ စီးကျသည့်မျက်ရည်။ ပူလောင်သည့်နှလုံးသား။ မျက်နှာကိုလက်အုပ်ပြီးငိုသံများက စာရွီးသူ၏နှလုံးသားကိုဒါးပါးပါးနှင့်လှီးဖြတ်လိုက်တေပိုင် ခံစားရပါရေ။ “မငိုပါကဲ့ - ဒေးမူ။ အမိုးဖထီး - မငိုပါကဲ့” “အမိုး၊ ဖထီး၊ ဒေးမူ၊ မျက်ရည်ကျစွာကိုမြင်ကေ မချိအောင်ခံစားရရေ။ ကုသိုလ်ကံထောက်မလို့ သီကံမရောက် သက်မပျောက်ကေ ဒေးမူရို့ပါးကို အရောက်ပြန်လာခပါမေ” ပြောရာပြောရသည် ရင်ထဲမှာ ထိမ်းမနိုင်ခဲမရ။ ကျလာသည့်မျက်ရည်။ အုံပုန်းလူမသိ။ စစ်သားကြီးက မျက်ရည်သုတ်လို့ တပ်ရင်းထဲပြန်လာလတ်ရသည်။ ဆိတ်ငြိမ်သောအမှောင်ကတစထက်တစလွှမ်းမိုးလာကာ ပုရစ်သံ၊ ပုဇဉ်းသံ၊ တောတိရိစ္ဆာန်သံပင်မကြားရ။ အပ်ကျစွာကိုပင် ကြားဖို့ထင်သည်။ အိပ်မရလီ စိတ်ကဂယောက်ဂယက်ဖြစ်လီ။ အတွေးသံသရာ ၀ဲချာလည်လျှက် ညည့်ဦးယံ မှာတမှေးချေ လည်းအိပ်မပျော် မိုးစင်စင်လင်းလပ်သည်။(ဆက်ရန်)


No comments:

Post a Comment