Thursday, July 9, 2015

တော်​ဝင်​ပန်း သဇင်



တော်ဝင် သဇင်ပန်း
ရခိုင်ပြည်နယ်တွင် သဇင်ပန်းသည် ပြည်နယ်၏ အဓိကမြင့်မြတ်ဖြူစင်သော ပန်းတစ်မျိုးဖြစ်ပါသည်။ ယင်းပန်းကို အမှီပြု၍ အမြင့်အမြတ်စကားလုံးတို့ကိုသုံးစွဲရာတွင် သဇင်ပန်းကို ဥပမာပြု၍တင်စား သုံးစွဲ ခဲ့ကြပါသည်။

သဇင်ပန်းကို ရခိုင်တို့က သန့်စင်ပန်းဟု ခေါ်သည်။ သန့်လည်းသန့်ရှင်းသည်။ ဖြူလည်း ဖြူစင်သည်။ သန့်ရှင်းဖြူစင်သော အနားရစ်ရှိသည်။ ပွင့်ဖတ်အယ်တွင် ၀ါဝင်း၍ ရွှေရောင်ရှိသော ဝတ်ဆံနှစ်ခုရှိသည်။ မွေးလည်းမွေးကြိုင်သည်။ မြင့်သော သစ်ပင်ကြီးများအပေါ် ၌သာပေါက်ရောက်သည်။ ဖြူစင်သော သီလရောင် ဝါဝင်းသော ဝတ်ဆံအရောင်တို့မှာ ဗုဒ္ဓ၏ သင်္ကန်းရောင်ကို ဆောင်နေသည်။ ယင်းကြောင့် အမြတ်ဆုံးပန်းဟူ၍ တင်စားသမုတ်ကြသည်။ ယင်းကို အစွဲပြု၍ ဘုရားပေါင်းချုပ်၏ သင်္ကေတာ အခေါ်အဝေါ်ကဗျာတွင် “သဇင်ပန်းခိုင်တစ်မြိုင်မြိုင် ရခိုင်ဘုရား ပေါင်း” ဟူ၍ ဖွဲ့ဆိုခဲ့ကြသည်။

ရခိုင်ပြည်ကို ဘိုးတော်မောင်ဝိုင်း တိုက်ခိုက်ဖျက်စီး သိမ်းပိုက်လိုက်သည့်နောက်ပိုင်း ရခိုင်ပြည်မှ အမရပူရသို့ ပို့ဆက်ရသည့် အဓိက ဘဏ္ဍာဖြစ်လာသည်။ ရခိုင်လူမျိုးတို့ အမြတ်တနိုး တန်ဖိုးထားရာ ရခိုင်သဇင်ပန်းကို ဗမာလူမျိုးတို့လည်း တန်ဖိုးထား အမြင့်မြတ်ဆုံးပန်း တော်ဝင်ပန်းအဖြစ် လက်ခံ တန်ဖိုးထားခဲ့သည်။ ဘုရင့်သုံး နန်းသုံးပန်းအဖြစ် ထားကြသည်။
မာန်​​အောင်​ ကိုရဲ


No comments:

Post a Comment